ဟိုပုံးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လက်တွေ့မီးငြှိမ်းသတ်နည်းနှင့် အသိပညာ ပေးဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လက်တွေ့မီးငြှိမ်းသတ်နည်းနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ အခမ်းအနားမှူး သင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အခမ်းအနားမှူးသင်တန်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများအား ၂၀၂၄ ခုနှစ်၊ ယမန်နေ့ နံနက်(၁၀)နာရီ အစည်းအဝေးခန်းမ၌ သင်တန်းဖွင့်လှစ်ပို့ချသည်။

ကျောက်တံခါးမြို့နယ်တွင် ကျောင်းအခြေပြုတီဘီရောဂါရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကျောင်းအခြေပြု တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းကို ယမန်နေ့က အ.ထ.က(ကျောက်တံခါး)ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် စဉ်ဆက်မပြတ်ပန်းတိုင်များ (Sustainabel Development Goals – SDGs )အကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

စဉ်ဆက်မပြတ်ပန်းတိုင်များ ( Sustainabel Development Goals – SDGs ) အကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများ တက်ရောက်ကြသည်။

ရွှေဘိုမြို့ သူနာပြုသင်တန်းကျောင်း၌ (ပထမ)အကြိမ် သူနာပြုသားဖွားဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ သူနာပြုသင်တန်းကျောင်း၌ အပတ်စဉ်(၁) သူနာပြု သားဖွားဒီပလိုမာသင်တန်းသား/သူများ၏ (ပထမ)အကြိမ် သူနာပြု-သားဖွားဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက သူနာပြုသင်တန်းကျောင်း သပြေညိုခန်းမ၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့နယ်၌ သူနာပြု-သားဖွား ဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်း(ဟင်္သာတ)ခန်းမ၌ “သတ္တမ”အကြိမ်မြောက် သူနာပြု-သားဖွား ဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကြံခင်းမြို့၊ အ.မ.က(ပရံစု)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ​မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အခြေခံပညာမူလတန်း (ပရံစု)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ကွင်းပြင်၌ ပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၂၀) ဦး တက်ရောက်ခဲ့သည်။

ရွှေကျင်မြို့နယ်၊ မူလတန်းကြိုကျောင်းမှ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ မူလတန်းကြိုကျောင်းမှ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဒီဇင်ဘာလှုပ်ရှားမှု ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲအချိန်က ရှမ်းကြေးရပ်ကွက်၊ မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် အဋ္ဌမအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် အဌမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာရွတ်ဆို ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်ရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၇) ကြိမ်မြောက် လွတ်လပ်ရေး နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသား/သူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါနေရာ၌ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to