ပဲခူး ဒီဇင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ နှစ်သစ်ကူးတရားအလှူတော်ပွဲကြီးကို ဇန်နဝါရီလ ၁ ရက်နေ့မှ ဇန်နဝါရီလ ၃ ရက်နေ့အထိ ၃ ည တိုင်တိုင် ည(၇)နာရီအချိန်တွင် ပဲခူးမြို့ ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ဆင်ယင်ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
၁-၁-၂ဝ၂၅ (ဗုဒ္ဓဟူးနေ့) ပထမညဓမ္မသဘင်တွင် ပဲခူးမြို့ သာသနာမဏ္ဍိုင်ပါဠိတက္ကသိုလ် ကျောင်းတိုက်ကြီးမှ သာသနဓဇဓမ္မာစရိယ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တသုန္ဒရ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် အရှင်သူမြတ်မှ လည်းကောင်း၊ ၂-၁-၂၀၂၅ (ကြာသပတေးနေ့) ဒုတိယညဓမ္မသဘင်တွင် ပဲခူးမြို့ ဥသာသီရိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော်၊ သာသန့ဓဇဓမ္မာစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဒေါက်တာဘဒ္ဒန္တသူရိယ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်ဆရာတော် အရှင်သူမြတ်မှလည်းကောင်း၊ ၃-၁-၂၀၂၅ (သောကြာနေ့) တတိယညဓမ္မ သဘင်တွင် ပဲခူးမြို့ သာသနာ့ဇောတိကစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက သာသန့ဓဇဓမ္မာစရိယ၊ မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဇနိတ၊ ဆရာတော်အရှင်သူမြတ်မှ ဟောကြားတော်မူမည်ဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)