ပြည်ကြီးတံခွန် ဒီဇင်ဘာ ၂၈
ကျောင်းသားလူငယ်များ စာပေဖတ်ရှုလေ့လာမှုအား ကောင်းလာစေရန်နှင့် မိမိတို့အတွေးအမြင် ဗဟုသုတများကို အချင်းချင်းမျှဝေ ဆွေးနွေးဖလှယ်တတ်စေရန် ရည်ရွယ်၍ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ အ.ထ.က (ခွဲ) လ-၂၅ ကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်ကြီးတံခွန်မြို့နယ်ရှိ အဆိုပါကျောင်းခန်းမကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်အ-ထ-က (ခွဲ)လ-၂၅ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာသိင်္ဂီဌေးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်စောလွင်၊ Grade-10 ကျောင်းသူ မဆုပြည့်ကျော်က လူငယ်နှင့်စာပေ၊ Grade-10 ကျောင်းသူ မကြယ်စင်မှူးက လူငယ်နှင့် မူးယစ်ဆေးဝါး၊ Grade-11 ကျောင်းသား မောင်သန့်ဇင်ထွန်းက လူငယ်နဲ့ Social Media အစရှိသည့် ခေါင်းစဉ်တို့ကို တစ်ဦးချင်းအလိုက် ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)