ဟဲဟိုးမြို့ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကလော ဒီဇင်ဘာ  ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ အမှတ်(၇) အခြေခံပညာအထက် တန်းကျောင်း၌ ဒီဇင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီက ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီဌာန ပြည်နယ်ရုံးခွဲ (အောင်ပန်း)မှ ဦးဆောင်ကျင်းပသော ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၆၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ဟဲဟိုးမြို့အုပ်ချုပ်ရေးမှူး ဦးဇော်မိုးက ကိုယ်ကျင့်တရား ကောင်းမွန်အောင် နေထိုင်နည်းများအားလည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီဌာန၊ ပြည်နယ်ရုံးခွဲ (အောင်ပန်း)မှ စစ်ဆေးရေးမှူး ဦးဇာဏီထွန်းက  ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင် ပတ်သက်၍ မော်တော်ယာဥ်၊ မော်တော်ဆိုင်ကယ်များ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအားလည်းကောင်း၊  ဟဲဟိုးမြို့နယ်‌ မြေခံစခန်းနယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သန်းထိုက်ဦးက မှုခင်းဆိုင်ရာ ပြစ်မှု/ပြစ်ဒဏ်များအားလည်းကောင်း၊ ယာဥ်ထိန်းတပ်ဖွဲ့စိတ် ဟဲဟိုးမှ ရဲတပ်ကြပ် အုန်းဖေက ယာဥ်မတော်တဆမှုကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများအားလည်းကောင်း အသီးသီး အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား/သူများအား ယာဥ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)