မုဒုံ ဒီဇင်ဘာ ၂၈
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် (၇၅)ကြိမ်မြောက် စိန်ရတု ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)မှ ကြီးမှူးကျင်းပသော (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင် စာမေးပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီက မြို့နယ်အတွင်းရှိ စာဖြေဌာနခွဲ (၁၈)ခု၌ ကျင်းပခဲ့သည်။
အဆိုပါစာမေးပွဲကို အမျိုးဘာသာ သာသနာပညာထွန်းကားပြီး ဦးဆောင်နိုင်စေရန်၊ နောင်အနာဂတ်တွင် တိုင်းပြည်၏ လူတော်လူကောင်းများဖြစ်စေရန်နှင့် ကျောင်းသား/သူများ ၏ နှလုံးသားတွင် ဘာသာယဥ်ကျေးမှုတည်ကိန်း လိမ္မာစေရန်အတွက် ရည်ရွယ်၍ကျင်းပခြင်းဖြစ်ပြီး မြို့နယ်ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း နာယက (ဓမ္မရာဇိန်ကျောင်းတိုက်) ဆရာတော် ဘဒ္ဒန္တဝရုဏနှင့် သြဝါဒဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ကြီးကြပ်၍ တာဝန်ရှိသူများက စာဖြေဌာနများတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။
စာမေးပွဲတွင် မုဒုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူအငယ်တန်း (၁၁၅၈)ဦး၊ အလတ်တန်း (၅၈၀) ဦး၊ အကြီးတန်း (၃၂) ဦး စုစုပေါင်း(၁၇၇၀)တို့က စာဖြေဌာန အသီးသီးတွင်ဝင်ဖြေဆိုကြကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)