အုတ်တွင်းမြို့နယ် ခင်တန်းကျေးရွာ၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

အုတ်တွင်း  ဒီဇင်ဘာ  ၂၈

ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက်() နာရီအချိန်က အုတ်တွင်းမြို့နယ်၊ ကြွယ်ဂံကျေးရွာအုပ်စု၊ ခင်တန်းကျေးရွာ၊ဘဝအဖော်မွန် ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် တောင်ငူခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းနန္ဒာလှိုင်က လူသုံးကုန်ထုတ်လုပ်နည်းပညာသင်တန်း ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းတက်ရောက်လာသော သင်တန်းသူများအား အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုတစ်ပိုင်တစ်နိုင် စားဝတ်နေရေးအထောက်အကူပြုစေရန်အတွက် ရည်ရွယ်၍ ပန်းကန်ဆေးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ဘက်စုံသုံးဆပ်ပြာ၊ ခေါင်းလျှော်ရည်ပြုလုပ်နည်း၊ လက်ဆေးဆပ်ပြာနှင့် ဆပ်ပြာခရင်မ်ပြုလုပ်နည်းများ လက်တွေ့သင်ကြားပြသခဲ့သည်။

အဆိုပါသင်တန်းသို့သင်တန်းသူစုစုပေါင်း(၂၃) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဒီဇင်ဘာ (၂၇) ရက်နေ့မှ ဒီဇင်ဘာ(၃၁)ရက် နေ့ထိ() ရက်တိတိပြုလုပ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)