ရေကြည် ဧပြီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကို ယမန်နေ့ နံနက်(၈)နာရီခွဲအချိန်က ငါးသိုင်းချောင်းမြို့၊ သောင်ရွာကူးတို့ဆိပ်(ဓနသဲကွင်းအနီး)ရှိ သဘာဝရေပြင်အတွင်းသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဇီဝိတဒါန စုပေါင်းငါးလွှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက စုပေါင်း၍ ငါးကျီးနှင့် ငါးခုံးမအကောင်ရေ (၁၀၀ဝ၀) ကို ဇီဝိတဒါန လွှတ်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)