တီးတိန်မြို့၌ သက်ကြီးဘိုးဘွားများ ကန်တော့ပွဲအခမ်းအနား ပြုလုပ်

တီးတိန် ဧပြီ ၁၈

ချင်းပြည်နယ် တီးတိန်ခရိုင် တီးတိန်မြို့၌ ယမန်နေ့မွန်းလွဲပိုင်းတွင် သက်ကြီးဘိုးဘွားများကန်တော့ပွဲအခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက နှုတ်ခွန်းဆက်စကားပြောကြားကာ တာဝန်ရှိသူများက အဘိုးအဘွားအားများအား ကန်တော့ကြသည်။

တိုသို့  အဘိုးအဘွားအားများအား ကန်တော့ရာတွင် အသက် ၈၅ နှစ်နှင့်အထက် မြို့ပေါ်ရှိ သက်ကြီးဘိုးဘွား ၃၀ ဦးအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ စီစဉ်‌ဆောင်ရွက်မှုဖြင့်‌ ငွေသားနှင့် ပစ္စည်းများဖြင့် ကန်တော့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)