ပြင်ဦးလွင် ဧပြီ ၁၈
ဧပြီ ၁၇ ရက်နေ့၊ နံနက် (၉) နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၂) ရှိ သံဃသာမဂ္ဂီမဟာသိမ်တော်ကြီး၌ အသက် (၈၅) နှစ် အထက် သက်ကြီးဘိုး/ဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်လွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့မိ/မြို့ဖအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တက်ရောက်လာသူများမှ အသက် (၈၅) နှစ် အထက် သက်ကြီး ဘိုး/ဘွားများအား ကန်တော့ချိုးဖြင့် ကန်တော့ခြင်း၊ တက်ရောက်လာသည့် အဘိုး/အဘွားများ (ကိုယ်စား) အဘိုး (၁) ဦးနှင့် အဘွား (၁) ဦး တို့မှ ဆုတောင်းမေတ္တာပို့သခြင်း၊ တာဝန်ရှိသူများနှင့် တက်ရောက်လာသူများမှ အဘိုး/ အဘွားများအား ဂါရ၀ပြုအလှူငွေများနှင့် ပစ္စည်းများအား အသီးသီး ပေးအပ်လှုဒါန်းခဲ့ကြသည်။
အဆိုပါ အသက် (၈၅) နှစ် အထက် သက်ကြီး ဘိုး/ဘွားများအား ပူဇော်ကန်တော့ပွဲတွင်ကန်တော့ခံ အဘိုး (၁၆၉) ဦး၊ အဘွား (၃၄၇) ဦး၊ စုစုပေါင်း (၅၁၆) ဦး၊ ကန်တော့ခံခဲ့ပြီး တက်ရောက်လာသည့် အဘိုး/ အဘွားများနှင့် ဧည့်သည်များအား နတ်သုဒ္ဓါထမင်းဘူးများဖြင့် ပေးအပ်လှူဒါန်းခဲ့ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)