ကျိုက်ထို ဧပြီ ၁၈
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် နှစ်သစ်မင်္ဂလာအဖြစ် မြန်မာသက္ကရာဇ် (၁၃၈၈)ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက် ယမန်နေ့ နေ့လယ် ၁ နာရီတွင် ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားနှင့် မဟာမုနိဘုရားစောင်းတန်း တစ်လျှောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ အလှူရှင်များက ဘုန်းတော်ကြီးကျောင်းပေါင်း (၈၆) ကျောင်းနှင့် သီလရှင်ကျောင်း (၁၀)ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ သီလရှင် အပါး(၁၃၀၀)တို့အား ဆွမ်းဆန်စိမ်းနှင့် နဝကမ္မ လှူဖွယ်ဝတ္တုပစ္စည်းများအား လောင်းလှူခဲ့ကြကြောင်း သိရသည်။
ပြည့်ဖြိုး(ပြန်/ဆက်)