ပြည်ကြီးတံခွန် ဧပြီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များအလိုက် ဘုန်းကြီးကျောင်း၊ ဓမ္မာရုံများတွင် ယမန်နေ့ ညနေ ၄ နာရီက စတင်၍ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်လျက်ရှိသည်။
အဆိုပါ ရွတ်ဖတ်ပူဇော်ရာတွင် ပင့်သံဃာတော်များဖြင့် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ၎င်းပင့်သံဃာတော်များက လှည့်လည်အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ကုသိုလ်ကောင်းမှုအနေဖြင့် အလှူရှင်များက စတုဒီတာများ ကျွေးမွေးလျက်ရှိကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)