ပေါင်းတည်မြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းအခြေပြု အဆုပ်တီဘီရောဂါ ရှာ‌ဖွေရေးလှုပ်ရှားမှု ဆောင်ရွက်

ပေါင်းတည် ဒီဇင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ အခြေခံပညာအခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြုအဆုပ်တီဘီ‌ရောဂါရှာဖွေရေး လှုပ်ရှားမှုကို ယနေ့ နံနက်၉ နာရီအချိန်တွင် လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ် ပြည်သူကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်၏စီမံမှုဖြင့် ကျောင်းကျန်းမာရေးအဖွဲ့မှ ဒေါက်တာ ကျော်သူရထွန်း ဦးဆောင်၍ ကျန်းမာရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်း ဆရာ၊ဆရာမများအားအဖွဲ့များ တာဝန်ခွဲဝေကာ မြို့နယ်အတွင်းအခြေခံပညာကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများအား မိမိတို့မိသားစုအတွင်း တီဘီဆေးသောက်သုံးနေရသူများ ရှိ၊ မရှိ မေးမြန်းခြင်း၊ တီဘီရောဂါ သံသယလက္ခဏာများ ရှိ၊မရှိ စမ်းသပ်စစ်ဆေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းလှုပ်ရှားဆောင်ရွက်နေမှုများအား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊  မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမြင့်လှိုင်နှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ကြပြီး အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့တို့က ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 ရွှေသား (ပြန်/ဆက်)