​ဖြူးမြို့နယ်တွင် စားသုံးဆီဖူလုံရေး ဆောင်းနေကြာစိုက်ပျိုးမှု(၇၁၆၈)ဧက လျာထား စိုက်ပျိုးထားရှိ

ဖြူး   ဒီဇင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊နှမ်း၊ နေကြာများ စိုက်ပျိုးလျက်ရှိရာ ယခုနှစ် မိုးစပါးစိုက်ပျိုးပြီး ဆောင်းနေကြာ (၇၁၆၈) ဧက လျာထားစိုက်ပျိုးခဲ့ရာ သီးသန့်စိုက်ပျိုးမှု (၅၇၀)ဧက၊ မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်းပဲများနှင့်ရော၍ သီးညှပ်စိုက်ပျိုးမှု (၆၅၉၈)ဧ​က၊စိုက်ပျိုးထားခဲ့ရာ ရာနှုန်းပြည့်စိုက်ပျိုးထားနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဖြူးမြို့နယ်အတွင်း ​​နေကြာစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းသည့် ဆင်းရွှေကြာ-၂၊ ရေဆင်း -၁ စပ်မျိုးနေကြာမျိုးများကို အဓိကထား၍  နိုဝင်ဘာလမှ စတင်စိုက်ပျိုးခဲ့ကြောင်းနှင့် နေ​ကြာဆီထွက်သီးနှံမှာ အခြားဆီထွက် သီးနှံများထက် ဝင်ငွေရရှိမှုနည်းသော်လည်း ပြုပြင်ရလွယ်ကူခြင်း၊ ဆောင်းသီးနှံများနှင့် တွဲစိုက်ပျိုးနိုင်ခြင်း စသည့်အားသာချက်များရှိကြောင်း တောင်သူများ ထံမှသိရသည်။

နေမျိုးလွင်(ပြန်/ဆက်)