ရေတာရှည် ဒီဇင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၌နိုင်ငံတော်ရန်ပုံ ငွေကျပ်သိန်း(၁၅၀) ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း(၁၆၀)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သောတောင်နန် ချွန်ကျေးရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲကို ယမန် နေ့နံနက်(၉)နာရီအချိန်က တောင်နန်ချွန် ကျေးရွာတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာအခမ်းအနားတွင် တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုး၊ ခရိုင်ကျေးလက်ဦးစီးမှူး ဦးသန့်စင်မျိုး နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥက္ကာသန်းတို့မှ (၈၀၀ပေx ၁၂ပေx၆လက်မ) လမ်းအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကွန်ကရစ်လမ်းဆောင်ရွက်ပြီးစီးမှုအား စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းဖွင့်ပွဲသို့ တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးနှင့်ခရိုင်အဆင့် ဌာနဆိုင်ရာများI မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်ဇင်မျိုး၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် ဝန်ထမ်းများ ကျေးရွာသူကျေးရွာသားများ စုစုပေါင်းအင်အား(၁၅၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)