ဘီးလင်းမြို့နယ်တွင် (၇၅) ကြိမ်မြောက် ၃၈ ဖြာမင်္ဂလာနှင့် ဗုဒ္ဓဝင်စာမေးပွဲ ဖြေဆို

ဘီးလင်း ဒီဇင်ဘာ ၂၈

 မွန်ပြည်နယ် ဘီးလင်းမြို့နယ် တွင် (YMBA)အသင်းမှ ကြီးမှူးကျင်းပသော (၇၅) ကြိမ်မြောက် (၃၈) ဖြာ မင်္ဂလာနှင့် ဗုဒ္ဓဝင်စာမေးပွဲဖြေဆိုခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက စာစစ်ဌာနအသီးသီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

 ဘီးလင်းမြို့နယ်တွင် (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဖြေဆိုခြင်းကို မြို့နယ်စာမေးပွဲကြီးကြပ်ရေးကော်မတီအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဘီးလင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန ၁၀ ခု၌ မူလတန်းအဆင့် အငယ်တန်း (၁၄၅) ဦး၊ အလတ်တန်း (၁၉၅) ဦး၊ အကြီးတန်း (၉၄) ဦးစုစုပေါင်း (၇၄၀) ဦးတို့က ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)