မြစ်သားမြို့နယ်တွင်၂၀၂၄ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ နောက်ဆုံးပတ် စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ခရိုင်၊မြစ်သားမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် (၅)နာရီခွဲက စုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ ဒီဇင်ဘာအားကစားလ(နောက်ဆုံးပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ပါဝင်ဆင်နွှဲ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် တစ်မျိုးသား လုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်းမြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှု များကို ပိုမိုဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ဒီဇင်ဘာအားကစားလ(နောက်ဆုံးပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်က သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ရှေ့မှစတင်၍ ဟိုပုံး-ဆီဆိုင် ဗိုလ်ချုပ်အောင်ဆန်းလမ်းမှတဆင့် မြို့မအားကစားကွင်းအထိ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက တပျော်တပါးစုပေါင်းလမ်းလျှောက်ကြသည်။

အောင်လံမြို့၌ ဒီဇင်ဘာလလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ ပြည်သူတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်စေရန်နှင့်အားကစားစိတ်ဓာတ်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဒီဇင်ဘာလလူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီခွဲ အချိန်က စုရပ်ဖြစ်သော ရွှေပြောင်ပြောင်စေတီတော်ဘုရားကြီးရှေ့၌ ကျင်းပခဲ့သည်။

မိတ္ထီလာမြို့နယ် ပျော်ဘွယ်စံပြကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ (ပဉ္စမ) အကြိမ်မြောက် ထုတ်ချေး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ညောင်ဇောက်အုပ်စု ပျော်ဘွယ်စံပြကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပဉ္စမအကြိမ် ထုတ်ချေးခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ ကျေးရွာဘုန်း‌တော်ကြီး‌ကျောင်းဓမ္မာရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ သဘာဝဆိုးဆေးနှင့် Eco printing နည်းပညာသင်တန်း(၃/၂၀၂၄-၂၀၂၅)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

သဘာဝဆိုးဆေးနှင့် Eco printing နည်းပညာသင်တန်း(၃/၂၀၂၄-၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

နန်းယွန်းမြို့တွင် အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့် သင်ကြား/ သင်ယူမှု ထိရောက်ရေး အရည်အသွေးမြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် အခြေခံပညာအလယ်တန်းအဆင့် Grade-9)နှင့် မူလတန်းဆင့် (Grade-5) သင်ကြား/သင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

တိုက်ကြီးမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျိုက်စကိုင်းကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာတွင်ကျင်းပကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာပညာရေးဒီဂရီကောလိပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်(ပထမနှစ်ဝက်) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာပညာရေးဒီဂရီကောလိပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ် (ပထမနှစ်ဝက်) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၇ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ပဉ္စဗလဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား/သူများ တက်ရောက်ကြသည်။

တောင်ကြီးမြို့နယ်တွင် ရေမွန်းသော မွေးကင်းစကလေး အသက်ရှူရန် အသက်ကယ် ပြုစုစောင့်ရှောက်ခြင်း သင်တန်းဆင်းပွဲ ကျင်းပ

ရေမွန်းသောမွေးကင်းစကလေး အသက်ရှူရန် အသက်ကယ်ပြုစုစောင့်ရှောက်ခြင်းသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက တောင်ကြီးမြို့ Jasmine  Hotel ခန်းမတွင် ပြုလုပ်ခဲ့သည်။

မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် ဘေးကင်းလွတ်မြောက်ရာသို့ စနစ်တကျထွက်ခွာခြင်း၊ လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ Mother International School ကိုယ်ပိုင်ကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်း၊ ဘေးကင်းလွတ်မြောက်ရာသို့ ထွက်ခွာခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to