မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ အမှတ်(၄)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ကျောပိုးအိတ်တပ်စု(အဖွဲ့ငယ်)မှ ဖျော်ဖြေပွဲ တင်ဆက်နေမှု ကြည့်ရှုအားပေး

မော်လမြိုင် ဒီဇင်ဘာ ၂၈

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် အောင်ဆန်းခန်းမတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ အမှတ်(၄)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ကျောပိုးအိတ်တပ်စု (အဖွဲ့ငယ်)မှ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ အရာရှိ၊ အရာခံ၊ အကြပ်တပ်သား မိသားစုဝင်များအား ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၂၆ ရက်နေ့ ညပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဖျော်ဖြေပွဲတွင် တေးသီချင်းများ၊ ယိမ်းအကအလှများ၊ တေးသရုပ်ဖော်အကများ၊ Dancer အကများ၊ တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေတက်ဆက်ေနမှုများကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ အရာရှိ/အရာခံစစ်သည်များနှင့် မိသားစုဝင်များက  ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးတို့က ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

စည်သူ(ပြန်/ဆက်)