လွိုင်လင်မြို့တွင် ဆောင်းသီးနှံနေကြာ စိုက်ပျိုးဖြစ်ထွန်းမှုကြည့်ရှုစစ်ဆေး

လွိုင်လင်  ဒီဇင်ဘာ  ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ်၊ တောင်နောက်ကျေးရွာအုပ်စု ကွင်းအမှတ်(ကွင်းပြင်ပ) ဦးပိုင်အမှတ် (N-1) တောင်သူ ဦးစိုင်းဝမ်း၏  ဧရိယာ (၁.၀၀) ဧကရှိ ယာမြေပေါ်တွင် မိုးသီးနှံအစေ့ထုတ်ပြောင်း စိုက်ပျိုးရိတ်သိမ်းပြီး ဆောင်းသီးနှံနေကြာ (ဆင်းရွှေကြာ-၂) သီးထပ် စိုက်ပျိုးအောင်မြင်နေမှုကို တာဝန်ရှိသူများမှ ယမန်နေ့ နံနက်ပိုင်းတွင် ကွင်း‌‌ဆင်းကြည့်ရှုစစ်ဆေးကြကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် လွိုင်လင်ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်၊ ရှမ်းပြည်နယ် မြေစာရင်းဦးစီးဌာန စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် လက်ထောက်ညွှန်ကြားရေးမှူး ဦးပိုင်သူရချို၊ ခရိုင်မြေစာရင်းဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုင်နှင့်သက်ဆိုင်ရာဌာနဆိုင်ရာများ၊ တာဝန်ရှိဝန်ထမ်းများက သွားရောက်ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

လွိုင်လင်မိုး