ပုသိမ်မြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာစေတီတော်မြတ်ကြီးအား စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တို့အား ရွှေသင်္ကန်း ကပ်လှူပူဇော်ရန်အတွက်အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာ အုပ်စု၊ ဘုရားကြီးကုန်းကျေးရွာတွင် တည်ထားကိုးကွယ်တော်မူသော ရှေးဟောင်းသမိုင်းဝင် မုဋ္ဌောကိုးဆူတွင် တစ်ဆူအပါအဝင်ဖြစ်သည့် ဘုရားကြီးကုန်း မဟာစေတီတော်မြတ်ကြီးအား စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တို့အား ရွှေသင်္ကန်းကပ်လှူပူဇော်ရန်အတွက်အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဘုရားကြီးကုန်းကျောင်းတိုက် ဓမ္မဗိမာန်တော်၌ကျင်းပခဲ့သည်။