ကျောက်ပန်းတောင်းမြို့နယ်တွင် ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲကျင်းပ

ကျောက်ပန်းတောင်း ဒီဇင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ စီစဉ်ကျင်းပသော ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲက မြို့နယ်အားကစားကွင်း တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချပ်ရေးမှူး ဦးသန်းလွင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား (၃၁၅)ဦး ပါဝင်ခဲ့ကြ ပြီး၊ မြို့နယ်အားကစားကွင်း သုံးပတ်စုပေါင်း လမ်းလျှောက်ခဲ့ကြသည်။ ယင်းနောက် လမ်းလျှောက်ပွဲအပြီးတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှုး ဒေါ်ဝင်းမင်းသန်းနှင့်အဖွဲ့ဝင်များက ဦးဆောင်၍ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းအတွဲ(၁)နှင့် (၂)တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)