ကျိုင်းတုံမြို့၌ အမေ့ရင်ခွင်ကျောင်းတော်(၁၀)နှစ်ပြည့် အထိမ်းအမှတ် ကွန်ကရစ်လမ်းသစ်ဖွင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အမေ့ရင်ခွင်ကျောင်းတော်(၁၀)နှစ်ပြည့် အထိမ်းအမှတ် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့က အာခါတိုင်းသားပရဟိတ အမေ့ရင်ခွင်ကျောင်းတော်တွင် ကျင်းပသည်။

မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးလောင်မှုမဖြစ်စေရန် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးလောင်မှုဖြစ်ပွားမှု မရှိစေရန် တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်က မြန်အောင်မြို့ အမှတ်(၃) ရပ်ကွက်အတွင်းရှိ လူနေအိမ်များတွင် လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ဆံပင်ဆံအုပ်(ဘိုးကလစ်) ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူး​ပေါင်းဖွင့်လှစ်သည့် ဆံပင်ဆံအုပ်(ဘိုးကလစ်) ပြုလုပ်နည်းသင်တန်းကို ယ​နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

မိုင်းပျဉ်းမြို့တွင် ရှေ့တန်းအမှတ်(၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ(အဖွဲ့ငယ်)မှ လာရောက်‌ဖျော်ဖြေကပြတင်ဆက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ မြို့မအားကစားကွင်းအတွင်း၌ ရှေ့တန်းအမှတ်(၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ(အဖွဲ့ငယ်)မှ လာရောက်ကပြဖျော်ဖြေခြင်းကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မီးဘေးအသိ မီးဘေးသတိရှိစေရေးနှင့် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညပိုင်းက ရပ်ကွက်များအတွင်း လှည့်လည်ဆောင်ရွက်ခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ် လွန်ချီကျေးရွာ သီရိရောင်ခြည် မူကြိုကျောင်း၌ E.C.C.D မူကြိုကျောင်းမှ KG တန်းသို့ ကူးပြောင်းမည့် ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း  အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လွန်ချီကျေးရွာ သီရိရောင်ခြည် မူကြိုကျောင်း၌ E.C.C.D မူကြိုကျောင်းမှ KG တန်းသို့ ကူးပြောင်းမည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်း အချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တာလေမြို့၌ တိရစ္ဆာန်ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်း ဖွံဖြိုးတိုးတက်‌ရေး အသိပညာပေး‌‌ဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ တိရစ္ဆာန်ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းဖွံဖြိုးတိုးတက်ရေး အသိပညာပေး‌‌ဟောပြောပွဲကို နားယောင်းကျေးရွာအုပ်စု၊‌ ဗေတလကျေးရွာရှိ ဗိုလ်လုံဦးကျာရှောအောက်မေ့ဖွယ်ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကံမမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုခြင်း ဆိုင်းဘုတ်စိုက်ထူ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၅-ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အား   ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် (၈) နာရီက မြို့လယ်လမ်းဆုံ၌ပြုလုပ်ရာ   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် တာဝန်ရှိသူများက ဆိုင်းဘုတ်အား စိုက်ထူခဲ့ကြသည်။

မြောင်းမြခရိုင် (Community Centre) ခန်းမ၌ Book Club အဖွဲ့ဖြင့် စာဖတ်ဝိုင်း ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊  မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၂း၀၀) နာရီ အချိန်က Book Club အဖွဲ့ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ရာပြည့်ကိုယ်ပိုင်အထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဆောင်းရာသီအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရာပြည့်ကိုယ်ပိုင်အထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဆောင်းရာသီအားကစားပြိုင်ပွဲများ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲက ပြည်နယ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
Subscribe to