သရက်မြို့၌ စည်ပင်သာယာဈေး မီးဘေးလုံခြုံရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

သရက် ဒီဇင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး သရက်မြို့ စည်ပင်သာယာဈေး မီးဘေးလုံခြုံရေး သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ခြင်းကို ယမန်နေ့နေ့လယ် ၃ နာရီခွဲက မြို့မဈေးကြီး ရှေ့နှင့် ဈေးအတွင်း ဆန်တန်းရုံရှေတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ မီးဘေးလုံခြုံရေးနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ရာတွင် မီးသတ်မြို့နယ်ဦးစီးမှူးမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သည့်အစီအမံများနှင့် မီးသတ်ဆေးဘူးအသုံးပြုပုံတို့ကို ရှင်းလင်းပြသပေးခဲ့ပြီး မီးငြှိမ်းသတ်နည်းများကို ဈေးတာဝန်ရှိသူများနှင့် ဈေးသူ၊ ဈေးသားများအား လက်တွေ့ပါဝင်ဆောင်ရွက်စေပြီး မီးသတ်ကားဖြင့်မီးငြှိမ်းသတ်ခြင်းကို သရုပ်ပြသခဲ့ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဈေးကြီးကြပ်ရေးကော်မတီများ၊ ဝန်ထမ်းမျာ၊ ဈေးသူဈေးသားများ တက်ရောက်ကြည်ရှု အားပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)