ကန့်ဘလူမြို့နယ်၌ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

ကန့်ဘလူ ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ ဒီဇင်ဘာအားအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီ ၁၀ မိနစ်က မြို့တော်ခန်းမရှေ့၌ ကျင်းပသည်။

အဆိုပါ လူထုလမ်းလျှောက်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးဦးဆောင်၍ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများနှင့်ကျောင်းသား ကျောင်းသူများ၊ ကိုယ်ပိုင်ကျောင်းများမှ ဆရာဆရာမများနှင့်ကျောင်းသား ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ဒေသခံ ပြည်သူလူထုများ စုစုပေါင်းအင်အား ၂၅၀၀ ကျော်ခန့်က စုရပ်မြို့တော်ခန်းမရှေ့မှ ဗိုလ်ချုပ်လမ်း၊ တပင်ရွှေထီးလမ်း၊ တက္ကသိုလ်လမ်းကြီးအတိုင်း အစိုးရစက်မှုလက်မှုသိပ္ပံ(ကန့်ဘလူ)ကျောင်းထိ စုပေါင်းလမ်းလျှောက်ခဲ့ပြီး အဆိုပါကျောင်းကွင်းပြင်တွင် စုပေါင်းကိုယ်လက်ကျန်းမာရေး လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ပြီး စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်သူများအား အင်္ကျီများကို မဲနှိုက်ကာ တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)