ဗောဓိမဏ္ဍိုင်မြကံသာစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲမဟာပဋ္ဌာန်းဒေသနာ တော်ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ ဆွမ်းဆန်စိမ်းလောင်းလှူ
ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ အမိတာရာမရဲကျောင်းတိုက်ရှိ ဗောဓိမဏ္ဍိုင်မြကံသာစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲမဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ကြည်ညို၍ ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြသည်။