တာမွေ ဒီဇင်ဘာ ၂၈
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်နှင့် ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် ယနေ့နံနက် (၅)နာရီခွဲအချိန်က တာမွေမြို့နယ်၏ ၂၀၂၄-ခုနှစ် ဒီဇင်ဘာအားကစားလ(နောက်ဆုံးပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူထုအားကစားလ(နောက်ဆုံးပတ်) စုပေါင်းလမ်းလျှောက်ပွဲတွင် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီ အသင်းဝင်များ၊ လူမှုကူညီရေးအသင်းဝင်များ၊ မြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသား/သူများနှင့်ဆရာ/ဆရာမများ၊ အားကစားဝါသနာပါသူ လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများက တာမွေမြို့နယ်ရှိ ကျိုက္ကဆံလမ်းမကြီး တစ်လျှောက်မှ သမိန်ဗရမ်းလမ်း၊ ထိုမှတစ်ဆင့် အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ထိုမှတစ်ဆင့် ကျိုက္ကဆံလမ်းမကြီး တစ်လျှောက်ပျော်ပျော်ပါးပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီးတာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး သွေးပူလေ့ကျင့်ခန်းများကို တပျော်တပါး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)