ရတနာပုံတက္ကသိုလ်၌   အဆင့်မြင့်ပညာအဆင့် လူရည်ချွန်ရွေးချယ်ရေး ပထမအဆင့် ရေးဖြေစာမေးပွဲ ကျင်းပ

အမရပူရ ဖေဖော်ဝါရီ ၃

အမရပူရမြို့နယ်ရှိပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာ၊ ရတနာပုံတက္ကသိုလ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ် နေ့သင်တန်းတွင် တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား အဆင့်မြင့်ပညာအဆင့် လူရည်ချွန်ရွေးချယ်ရေး ပထမအဆင့် ရေးဖြေစာမေးပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ အဆောင်-၃၁ ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လူရည်ချွန်ရွေးချယ်ရေး ပထမအဆင့် ရေးဖြေစာမေးပွဲတွင် မြန်မာစာဘာသာရပ်ကို နံနက် ၉ နာရီမှ ၁၁ နာရီအထိလည်းကောင်း၊ အင်္ဂလိပ်စာဘာသာရပ်ကို နေ့လယ် ၁၂ နာရီမှ  မွန်းလွဲ ၂ နာရီအထိလည်းကောင်း၊ အထွေထွေဗဟုသုတကို မွန်းလွဲ ၂ နာရီမှ ညနေ ၄ ရီအထိ ကျင်းပပြုလုပ်ရာ ရတနာပုံတက္ကသိုလ် ဘာသာရပ်အသီးသီးမှ  ကျောင်းသား၊ ကျောင်းသူ ၅၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)