ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ အကြိမ်(၃၀)မြောက် ပရိယတ္တိသာသနာနုဂ္ဂဟစာမေးပွဲ ပထမနေ့ဖြေဆို

ရမည်းသင်း ဖေဖော်ဝါရီ  ၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ဩဝါဒါစရိယဆရာတော်ကြီးများ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ အကြိမ် (၃၀) မြောက်  ပရိယတ္တိသာသနာနုဂ္ဂဟစာမေးပွဲ  ဒုတိယနေ့ကို ဖေဖော်ဝါရီ  ၃ ရက် မွန်းတည့် ၁၂ နာရီက ရမည်းသင်းမြို့ သာသနာ့ဂုဏ်ရောင်ဓမ္မဗိမ္မာန်တော်ကြီးတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ  သာသနာနုဂ္ဂဟစာမေးပွဲကို ဖေဖော်ဝါရီ ၂ ရက်မှ ၆ ရက်နေ့ထိ နေ့စဉ်မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ဩဝါဒစရိယ ဆရာတော်ကြီးထံက သိရသည်။

ရမည်းသင်းမြို့နယ်အတွင်း စာသင်တိုက်(၁၅)တိုက်မှ ပထမကြီးတန်း(၁၇)ပါး၊ ပထမလတ်တန်း (၂၄)ပါး၊ ပထမငယ်တန်း(၆၄)ပါးနှင့် အခြေပြုမူလတန်းစာဖြေသံဃာ(၁၀၈)ပါး၊ ဒုတိယဆင့် (၇၈)ပါးနှင့် ပထမဆင့်(၁၃၄)ပါး စုစုပေါင်း(၄၂၅)ပါး၊ သီလရှင်စာသင်တိုက်နှစ်တိုက် (၃) တိုက်မှ အခြေပြုမူလတန်းတွင် သီလရှင်ဆရာလေး(၆)ပါး၊ ဒုတိယအဆင့် သီလရှင်ဆရာလေး(၈)ပါးနှင့် ပထမအဆင့် သီလရှင်ဆရာ လေး(၆)ပါး စုစုပေါင်း (၄၄၅) ပါးဖြေဆိုကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။

ခရိုင်(ပြန်/ဆက်)