ကလော ဖေဖော်ဝါရီ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ရာ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တောင်ကြီးတက္ကသိုလ်မှ ရုက္ခဗေဒနှင့် အဏုဇီဝဌာန ပါမောက္ခဌာနမှူး ဆရာမကြီး ဒေါက်တာနီလာက တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။
ထို့နောက် တောင်ကြီးတက္ကသိုလ်မှရုက္ခဗေဒနှင့် အဏုဇီဝဌာန ပါမောက္ခဌာနမှူး ဆရာမကြီးနှင့်အဖွဲ့ဝင်များ ဘာသာရပ်ဌာနအလိုက် ပါမောက္ခဌာနမှူးများက ကလောမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့်သင်ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ Grade -12 သင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ဘာသာရပ်များအလိုက် ဌာန (၃) နေရာခွဲ၍ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ဆွေးနွေးဟောပြောသင်ကြားပို့ချခဲ့ကြသည်။
အဆိုပါ အောင်ချက်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို နံနက် ၉ နာရီ မှညနေ ၄ နာရီအထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)