ပန်းတောင်းမြို့နယ် အခြေခံပညာကျောင်းများသို့ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၉:၀၀)နာရီအချိန်က အ.လ.က(ကျောက်ဖူး)ကျောင်းနှင့် အ.လ.ကဥသျှစ်ပင်ကျောင်းသို့ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

မိုင်းခတ်မြို့နယ် လူထုအ‌ခြေပြုဗဟိုဌာန၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုအဖြစ် အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နတ်တလင်းမြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို မြို့မရပ်ကွက်တာပွန်လမ်း၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ဆောင်းကြက်သွန်များ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဒီဇင်ဘာလလယ်ခန့်မှ စတင်စိုက်ပျိုးခဲ့ကြသည့် ဆောင်းကြက်သွန်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

တောင်ငူမြို့၌ မီးလောင်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၈)ရပ်ကွက်၊ အုတ်ကျွတ်တန်း၊ ရန်ကုန်- မန္တလေးလမ်းဘေးရှိ အောင်ချမ်းသာ ကား၊ ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင် (၅၀×၄၀)ပေ သွပ်မိုး၊ အုတ်ညှပ် (၂)ထပ်ဆိုင်တွင် ယမန်နေ့ညနေ(၅:၅၂)နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနတွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနတွင် ကျေးလက်နေတောင်သူများ လယ်ယာသုံးစက်ကိရိယာ အစိတ်အပိုင်းများ သိရှိနားလည်ပြီး စက်ကိရိယာများ လွယ်ကူစွာတပ်ဆင်နိုင်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းနိုင်ခြင်း၊ စနစ်တကျကိုင်တွယ်မောင်းနှင်ခြင်းလုပ်ငန်းများ ပိုမိုကျွမ်းကျင်စေခြင်း၊ ထိရောက်အောင်မြင်စွာ အသုံးချတတ်စေခြင်း၊ ပိုင်နိုင်ကျွမ်းကျင်စွာ အသုံးပြုနိုင်မည့် တောင်သူများ ဖြစ်လာနိုင်ရန်နှင့် ကျေးလက်နေတောင်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယနေ့နက်ပိုင်းက လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင် စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်မြို့မစာကြည့်တိုက်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club)အဖွဲ့ စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ စာရေးဆရာ‌မခြယ်မှုံးသီရေးသားသည့် “ကြိုးလေးတစ်မျှင်နှင့်ဘာသာပြန်ဆောင်းပါးဝတ္ထုများ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့် (GRADE-5) နှင့် အခြေခံပညာအထက်တန်းအဆင့် (GRADE-9) စာပေးပွဲဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့် (GRADE-5) နှင့် အခြေခံပညာအထက်တန်းအဆင့် (GRADE-9) စာပေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ (၃) ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဂုဏ်ရောင် ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ အသိပညာပေးနယ်လှည့်ကွင်းဆင်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက စာသင်ကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများအား အသိပညာပေးနယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံရာသီက စိုက်ပျိုးခဲ့သည့် ပဲစင်းငုံသီးနှံ ၁၈၆၅ ဧက သိမ်းဆည်းပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော ပဲစင်းငုံသီးနှံ ၁၈၆၅ ဧကထိ သိမ်းဆည်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to