ကန့်ဘလူမြို့၌ အမျိုးသမီး/အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် (၂၅) ကြိမ်မြောက် မဟာရွှေစည်ကြီးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် အမျိုးသမီး/အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၉ ရက်က အမှတ် (၄) အခြေခံပညာမူလတန်းကျောင်းကွင်း၌ ကျင်းပခဲ့သည်။

ညောင်တုန်းမြို့နယ်တွင် ပန်းခင်း(၃)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပန်းခင်း(၃)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်‌ပေးခြင်းကို ယနေ့နံနက်ပိုင်းက ကျွန်းဦးကျေးရွာအုပ်စု၊ ခတ္တိယကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

လှည်းကူးမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဒေးဒရဲမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်နည်းဥပဒေများဆိုင်ရာသိကောင်းစရာ ဆွေးနွေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၁)နာရီက  ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီးရှိ ဓမ္မဗိမာန်တန်ဆောင်းတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဟောင်းသမိုင်းဝင်မဟာနန္ဒာကန်အတွင်း သဲနုံးတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး ရေဂါလံ(၁၀)သန်းခန့် ထပ်မံသိုလှောင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရှိ ပြည်သူများသောက်သုံးရေ ပိုမိုပေး‌ဝေနိုင်ရန်နှင့် နွေစပါး အောင်ရေပေးနိုင်ရေးတို့အတွက်ရည်ရွယ်၍ မဟာနန္ဒာကန်တော် သဲနုံးတူးဖော်ခြင်း လုပ်ငန်းများကို ၁၆-၁၂-၂၀၂၄ ရက်မှ စတင်၍ ဆည်မြောင်းထိန်းသိမ်းရေးဦးစီးဌာန(ရွှေဘိုမြို့)က အကောင်းအထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ပေါက်ခေါင်းမြို့နယ် သံဃနာယကအဖွဲ့ဝင်များ အနားယူခြင်းနှင့် အစားထိုးရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် သံဃနာယကအဖွဲ့ဝင်များ ၂၅ ရာခိုင်နှုန်းအနားယူခြင်းနှင့် လစ်လပ်သွားသောနေရာများ၌ ပြန်လည်အစားထိုးရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပေါက်ခေါင်းမြို့ပညာဇောတာရုံစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့‌သည်။

ကွန်ဟိန်းမြို့၊(Community Centre)ခန်းမ၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲအား ယနေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကဝမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ညောင်ပင်ဘော်လီဘောကွင်း၌ ယနေ့နံနက်(၈)နာရီက ကျင်းပခဲ့သည်။

ကံမမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ပြုလုပ်

ကံမမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ပြုလုပ် ကံမ ဖေဖော်ဝါရီ ၁၀ ကျော်ဇေယျဝင်း

ဖျာပုံမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဥာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းကို ​ယနေ့နံနက်ပိုင်းက ဖျာပုံမြို့နယ် အ.လ.က(ရှမ်းကွင်း) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to