ကန့်ဘလူမြို့၌ အမျိုးသမီး/အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ

ကန့်ဘလူ ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် (၂၅) ကြိမ်မြောက် မဟာရွှေစည်ကြီးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် အမျိုးသမီး/အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၉ ရက်က အမှတ် (၄) အခြေခံပညာမူလတန်းကျောင်းကွင်း၌ ကျင်းပခဲ့သည်။

 ဖူဆယ်ဘောလုံးပြိုင်ပွဲ အမျိုးသမီးဗိုလ်ပွဲလုပွဲတွင် ဆုကိုယ်ပိုင်အထက်တန်းကျောင်း နှင့်သူရိန်နန်းကိုယ်ပိုင်အထက်တန်းကျောင်းအသင်းတို့ ယှဥ်ပြိုင်ကစားရာ ဆုကိုယ်ပိုင်အထက်တန်းကျောင်း အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။ဆက်လက်၍ အမျိုးသားဖူဆယ်ဘောလုံး ဗိုလ်လုပွဲတွင် အစိုရစက်မှုလက်မှုသိပ္ပံ(ကန့်ဘလူ)အသင်းနှင့် ဆုကိုယ်ပိုင်အထက်တန်းကျောင်းအသင်း တို့ ကစားခဲ့ရာ အကြိတ်အနယ်ရှိခဲ့ပြီး ဆုကိုယ်ပိုင်အထက်တန်းကျောင်းအသင်းက ၃ ဂိုး ၂ ဂိုးဖြင့်အနိုင် ရဗိုလ်စွဲ့သည်။

ထို့ပြင် ဘုရားပွဲတော်အထိမ်းအမှတ်အဖြစ် လူသစ်တန်း၊ဂျူနီယာတန်းကြက်တောင် ရိုက်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများ ယှဥ်ပြိုင်ကစားလျက်ရှိပြီး ဆုရရှိသောအသင်းများအား ဖေဖော်ဝါရီ ၁၂ ရက်နေ့၌ ကျင်းပမည့်ထမနဲထိုးပြိုင်ပွဲအပြီးတွင် ဆုများကိုချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)