ဟဲဟိုးမြို့၊ ဝါးရုံပင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ဟဲဟိုးမြို့၊ ဝါးရုံပင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ကျင်းပ

ကွန်ဟိန်းမြို့၌ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ကျင်းပ ကွန်ဟိန်း ဖေဖော်ဝါရီ ၁၀ မြို့နယ် (ပြန်/ဆက်)

ကမာရွတ်မြို့နယ်တွင် မြို့နယ်သံဃနာယကရွေးချယ်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် မြို့နယ်သံဃနာယကရွေးချယ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်(၁)နာရီက အမှတ်(၂)ရပ်ကွက်ရှိ သီရိမင်္ဂလာပျော်ဘွယ်ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်းသိရသည်။

ပုဗ္ဗသီရိမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာများအသင်းနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့နယ် အခြေခံပညာကျောင်းများ၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (မွေတော်)နှင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မြို့မကျောင်းများသို့ ယနေ့နံနက် ၁၀ နာရီမှ စတင်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခဲ့ကြသည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကလပ်၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကလပ်အသင်း တာဝန်ရှိသူတို့မှ ပြိုင်ပွဲကို Color Ball ရိုက်၍ ဖွင့်လှစ်‌ပေးခဲ့ကြသည်။

မိုင်းဖြတ်မြို့နယ်၌ (၇၈)နှစ်​မြောက် ပြည်​ထောင်စု​နေ့အကြို အသိပညာ​​ပေး​ဟော​ပြောပွဲနှင့် နံရံကပ်စာစာင်များပြသ

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ​(၇၈)နှစ်​မြောက် ပြည်ထောင်စု​နေ့အကြို အသိပညာ​​ပေး​ဟော​ပြောပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲကို ​ယနေ့နံနက် ၁၀ နာရီက အလယ်တန်း​ကျောင်း(ပါဆန်း)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်းတည်၌ စက်မှုလယ်ယာဦးစီးဌာနက တောင်သူများ ကောက်စိုက်စက် မျိုးစေ့ချစက်များဖြင့် စနစ်တကျ စိုက်ပျိုးနိုင်ရေး သရုပ်ပြသ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ တောင်သူများ ကောက်စိုက်စက်၊ အစေ့ချစက်များဖြင့် စိုက်ပျိုးနိုင်ရေး ကွင်းသရုပ်ပြခြင်းကို ယမန်နေ့နံနက် ၉ နာရီက သဖန်းပင်ဆိပ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၁၂၅ ၌ ကျင်းပ​ပြုလုပ်ခဲ့သည်။

အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု-၉စုမှ အိမ်ထောင်စု(၂၇၂)စုအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ရေဘေးကယ်ဆယ်ရေး အိမ်ထောင်စုသုံးပစ္စည်းများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရေဘေးကယ်ဆယ်ရေး အိမ်ထောင်စုသုံးပစ္စည်းများ ပေးအပ်ပွဲပြုလုပ်ခဲ့သည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဖြင့် မိုင်းလွေကျေးရွာအုပ်၊ နမ့်မုတ်ကျေးရွာ၌ ကုန်ထုတ်လမ်းလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုင်းလွေကျေးရွာအုပ်၊ နမ့်မုတ်ကျေးရွာ၌ ကုန်ထုတ်လမ်းသစ်အား ယနေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများက အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
Subscribe to