ကဝ ဖေဖော်ဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ညောင်ပင်ဘော်လီဘောကွင်း၌ ယနေ့နံနက်(၈)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေမျိုးနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက အားကစားသမားများအား လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။
အဆိုပါဘော်လီဘောပြိုင်ပွဲတွင် ရပ်ကွက်/ကျေးရွာအတွင်းရှိ အသင်း(၆)သင်းဖြင့် အုပ်စု(၂)စုခွဲကာ ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိ ယှဥ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)