ကွန်ဟိန်း ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲအား ယနေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက် လက်ထောက်(၃) ဒေါ်သဲမာမှ ပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ပြိုင်ပွဲဝင် မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကဗျာရွတ်ဆို ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်လှိုင်ဇင်ဝင်း၊ မြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးကျော်ဇင်ဦးနှင့် အစိုးရမူလတန်းကြိုကျောင်း၊ ကျောင်းအုပ် ဒေါ်ရတနာအောင်တို့က အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။
အဆိုပါပြိုင်ပွဲများအား ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)