ပျော်ဘွယ်မြို့နယ် Community Centre ခန်းမတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ဘွယ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလေးများ အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲ စာစီစာကုံးပြိုင်ပွဲကျင်းပခြင်းကို ယနေ့ နံနက် (၉) နာရီခွဲက ပျော်ဘွယ်မြို့နယ်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Community Centre ခန်းမတွင် ကျင်းပသည်။

ကလောမြို့နယ်၌ (၂၅)ကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် (၂၅)ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက ကလောမြို့ မြို့လယ်ဓမ္မရုံ၌ ကျင်းပရာ ကလောခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူအလှူရှင်များ တက်ရောက်ခဲ့သည်။

မိုင်းတုံမြို့၌ ဌာနဆိုင်ရာရုံးများသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀:၀၀ နာရီက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မုံရွာမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မုံရွာမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးဒေသတွင်နနွင်းများစတင်တူးဖော်ရောင်းချ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ တညင်း၊ ဖာလာပင်၊ ကွမ်းသီး၊ ကွမ်းသီး စသည့်နှစ်ရှည်ပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုနှစ်ပိုင်း၌ အဆိုပါနှစ်ရှည်ပင်များအပြင် နနွင်းကိုလည်းအဓိက စိုက်ပျိုးလုပ်ကိုင်လာခဲ့ပြီး ယခုနှစ်တွင် ဖေဖော်ဝါရီလပထမပတ်မှစတင်ပြီး နနွင်းများ စတင်တူးဖော်ရောင်းချလျက်ရှိကြောင်း သိရသည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မိတ္ထီလာပညာရေးဒီဂရီကောလိပ်၏ အားကစားပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မိတ္ထီလာပညာရေးဒီဂရီကောလိပ်၏ အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီခွဲ အချိန်က ခရိုင်အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့၌ အခြေခံပညာဦးစီးဌာန လစ်လပ်နေရာများအတွက် ရေးဖြေစာမေးပွဲစတင်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကန့်ဘလူခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ၌ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကို ယနေ့နံနက် ၉ နာရီက စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ (၂၀၂၄-၂၀၂၅) ခုနှစ်တွင် ဆောင်းဆီထွက်သီးနှံ (၁၅၇၁၁) ဧကစိုက်ပျိုးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်းနှင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆောင်းဆီထွက်သီးနှံ (၁၅၇၁၁) ဧက စိုက်ပျိုးပြီဖြစ်ကြောင်း သိရသည်။

ကျုံပျော်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ မီးပေါ့ဆမှုမရှိစေရန်နှင့် မီး‌လောင်မှု လျှော့နည်းပပျောက်စေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ကျုံပျော်မြို့ တေဇရပ်ကွက်တွင် ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စဥ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဥ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဥ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to