ကျိုက်မရော၌ မြန်မာ့ရိုးရာအစားအစာ ထမနဲထိုးပြိုင်ပွဲစည်ကားသိုက်မြိုက်စွာ ကျင်းပ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၏ သမိုင်းဝင်တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သော ဆုတောင်းပြည့်ဘုရားကြီးအား ပြုပြင်မွမ်းမံတည်ထားကိုးကွယ်ခဲ့သော မြန်မာဘုရင်မကြီး ရှင်စောပု၏ ၆၃၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာရိုးရာအစားအစာ ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ဆုတောင်းပြည့်ဘုရားကြီးဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။