သနပ်ပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက အ.မ.က(မူလွန်)ရေကျော်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကွန်ဟိန်းမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်တွင် ကျရောက်မည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သတင်းစကားလက်ကမ်းစာစောင်များအား ယမန်နေ့ မွန်းလွဲ (၂) နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

တနိုင်းမြို့ သာသနာပြု(ဗဟို)ကျောင်းတိုက်၌ ဗုဒ္ဓအဆုံးအမခံယူပွဲကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့ သာသနာပြု(ဗဟို)မြို့မကျောင်းတိုက်၌ ဖေဖော်ဝါရီလ(၉)ရက်နေ့ နေ့လယ်(၁)နာရီက တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့နယ်နှင့် အခြားဒေသတို့မှ အိမ်ထောင်စု(၁၂၁)စုတို့၏ ဗုဒ္ဓအဆုံးအမခံယူပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ် အ.လ.က (ဥသျှစ်ပင်) ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ စူးစမ်းလေ့လာမှုအားကောင်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်းကာ ယမန်နေ့နံနက် (၁၀) နာရီအချိန်က အ.လ.က (ဥသျှစ်ပင်) ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပခဲ့သည်။

ဖျာပုံမြို့နယ် အ.လ.က (ရှမ်းကွင်း) ကျောင်းတွင်စာဖတ်ရှိန်မြှင့်တင်ရေး "လူငယ်စကားဝိုင်း" ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများဖြစ်လာစေရန်၊ စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ​ ​ယမန်နေ့ ​နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ် အ.လ.က (ရှမ်းကွင်း) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ကန့်ဘလူမြို့၌ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဥ် ( ၁/၂၀၂၅)ဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဥ်(၁/၂၀၂၅)ဆင်းပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့၌ စားအုန်းဆီများအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့်  ကန့်ဘလူမြို့နယ်တွင် ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီများအား အလွယ်တကူဝယ်ယူနိုင်ရေး သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိရာ ဖေဖော်ဝါရီ ၈ ရက်မွန်းလွဲ ၂ နာရီက ကန့်ဘလူခရိုင်စုပေါင်းရုံး၌ နိုင်ငံ့ဝန်ထမ်းများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ၌ ကလေးသုံးမွှာပူး အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ကျန်းမာရေးဦးစီးဌာန ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ ကလေးမွေးဖွားဆောင်တွင် ဖေဖော်ဝါရီ ၆ ရက် (ကြာသပတေးနေ့) ည ၈ နာရီခန်က သုံးမွှာပူး ကလေးငယ်များကို အောင်မြင်စွာဖြင့် ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကြောင်း ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုးထံမှ သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းရာသီစိုက်ပျိုးသော ကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ ယခုနှစ်ဆောင်းရာသီစိုက်ပျိုးသော ကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ကသာခရိုင်တွင် ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာ ဖွင့်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်တွင် ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြေစိုက်ပိုစတာဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က မြို့တော်ခန်းမရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to