ကျိုက်လတ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲ နှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်

ကျိုက်လတ် ဖေဖော်ဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကိုယနေ့ နံနက်ပိုင်းက ကျုံကလွတ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်နိုးသူက လမ်းလျှောက်ခြင်းနှင့် အားကစားပြုလုပ်ခြင်းကြောင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊ လူငယ်နှင့်အားကစား၊ အားကစားနှင့်လေ့ကျင့်ခန်း၏ အဓိပ္ပါယ်၊ အားကစားအမျိုးအစားများ၊ အားကစားနှင့်ကာယပညာသိပ္ပံတက်ရောက်နိုင်ရန် လူငယ်တစ်ဦးတွင် ပြည့်စုံရမည့်အချက်အလက်များ အကြောင်းတို့ကို ဟောပြောခဲ့ပြီး အ.ထ.က (ခွဲ) (ကျုံကလွတ်) မှ ကျောင်းအုပ်ဆရာမကြီးအား အားကစားပစ္စည်းများ ပေးအပ်ခဲ့ကာ ကျောင်းသား၊ ကျောင်းသူများကို လေ့ကျင့်ခန်းများ သင်ကြားပေးခဲ့ကြောင်းသိရသည်။

အဆိုပါ “လူငယ်အသိပညာပေးဟောပြောပွဲ”သို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ချိုချိုထက်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်

ကျိုက်လတ် (ပြန်/ဆက်)