ဇလွန် ဖေဖော်ဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများကြွယ်ဝစေရန်၊ လူငယ်လူရွယ်ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီတွင် အခြေခံပညာမူလတန်းကျောင်း တာကြီးတန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များ ပေါ်ထွက်လာစေရေးအတွက် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့မိုးက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအကြောင်းအရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒု-မီးသတ်ဦးစီးမှူး ဦးချစ်လွင်ထွေးက မီးဘေးအန္တရာယ်နှင့်ပတ်သတ်၍ ဆောင်ရန်၊ ရှောင်ရန်များကို အသီးသီး အသိပညာပေးဟောပြောခဲ့ကြသည်၊၊ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇလွန်မြို့နယ်ရုံးမှ ပြသထားသောနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများကစိတ်ပါဝင်စားစွာ ကြည့်ရူ့လေ့လာခဲ့ကြသည်။
ဝေယံ
ဇလွန် (ပြန်/ဆက်)