မအူပင် ဖေဖော်ဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေးကွင်းဆင်း စစ်ဆေးခြင်းအား ယနေ့နံနက် (၁၀) နာရီက မြို့ပေါ်ရှိ Tiger စက်သုံးဆီအရောင်းဆိုင်၊ Terminal စက်သုံးဆီအရောင်းဆိုင်၊ Denko စက်သုံးဆီအရောင်းဆိုင်နှင့် ရတနာကောင်းကင်စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးသည်။
အဆိုပါကွင်းဆင်းစစ်ဆေးမှုအား မအူပင်ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမိုးထွန်း ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူးဦးဇော်မျိူးဋ္ဌေးနှင့် ခရိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ဆေးဘူးထားရှိမှုများ၊ အရေးပေါ်မီးငြိမ်းသတ်ရေးဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေးပြီး၊ စက်သုံးဆီဖြည့်လျှင်လိုက်နာရမည့်စည်းကမ်းချက်များ၊ မီးသတ်ဆေးဘူးအသုံးပြုပုံနည်းလမ်းများ စသည့်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)