မိုးနဲ ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် (၄၁)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလစာပြန်ပွဲတော်ကို နာဟောင်ရပ်ကွက်ရှိ ရွှေကျောင်းတော်ကျောင်းတိုက်နှင့် ဆုတောင်းပြည့်ကျောင်းတိုက်နေရာတို့တွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြန်မာဘာသာရပ်ကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပရိယတ္တိစာပေကျမ်းဂန်တတ်မြောက်သည့် သာသနာ့အာဇာနည် ရဟန်းသံဃာတော်နှင့် ရှင်သာမဏေများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ စာမေးစာပြန်ပွဲတော်ကို ဖေဖော်ဝါရီ ၁၃ ရက်မှ ဖေဖော်ဝါရီ ၂၁ ရက်အထိ မွန်းလွဲ ၁ နာရီအချိန်မှ ညနေ ၄ နာရီအချိန်အထိ ၉ ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး စာမေးစာပြန်ပွဲသို့ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၆၇ ကျောင်းမှ အလယ်တန်းဒုတိယနှစ် ၄ ပါး၊ အလယ်တန်းပထမနှစ် ၄၈ ပါး၊ မူလတန်းတတိယနှစ် ၁၀၂ ပါး၊ မူလတန်းဒုတိယနှစ် ၁၁၃ ပါး၊ မူလတန်းပထမနှစ် ၁၃၄ ပါး၊ အခြေခံမူကြိုတန်း ၅၁ ပါး ၊ရှင်သာ မဏေစုစုပေါင်း ၄၅၂ ပါးတို့က ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ၊ ပါဠိ၊ ရှမ်းစာ၊ မြန်မာစာ၊အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ နှုတ်ဖြေအာဂုံဆောင် စသည့်ဘာသာရပ်များကို ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)