ဖျာပုံမြို့နယ်အတွင်းရှိ ကျေးလက်လမ်းတံတားလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဖျာပုံ ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဖျာပုံ-အပြောင်- ကျီးနှစ်ပင် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ အပြောင်ချောင်းကူး ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကျေးလက်လမ်းတံတားလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

အဆိုပါကျေးလက်လမ်းတံတားလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးရာတွင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်၊ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမင်းသိန်းနှင့် တာဝန်ရှိသူ များမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဖျာပုံ-အပြောင်-ကျီးနှစ်ပင်ကျေးရွာချင်းဆက်လမ်းပေါ်ရှိ အပြောင်ချောင်းကူးကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်