ကျိုင်းတုံမြို့နယ်တွင် ကျေးရွာစာကြည့်တိုက်အဆောက်အဦအသစ်ဖွင့်ပွဲ ကျင်းပ

ကျိုင်းတုံ ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်းဖြင့် ဆောင်ရွက်သော နမ့်လင်းမိုင်ကျေးရွာစာကြည့်တိုက်ဖွင့်ပွဲကို ယမန်နေ့က ပင်းတောက်ကျေးရွာအုပ်စု၊ နမ်းလင်းမိုင်ကျေးရွာတွင်ကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအ‌ရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုးဝေနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဖွင့်ပွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအ‌‌‌ရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင့်ဝေက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်းဖြင့် ကျေးရွာစာကြည့်တိုက်ဆောက်လုပ်ပေးရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ကျေးရွာစာကြည့်တိုက်အတွက် စာအုပ်၊ စာစောင်များ၊ အားကစားပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ဦးစီးမှူး ဦးအားဗျေ့နှင့် ရှမ်းပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း(ရှမ်းအရှေ့) ဒုတိယဥက္ကဋ္ဌ ဦးစိုင်းဆမ်တစ်တို့က စာအုပ်၊ စာစောင်များကို အသီးသီးပေးအပ်လှူဒါန်းကြရာ ကျေးရွာနေပြည်သူတစ်ဦးက ကျေးဇူတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)