နတ်မောက်မြို့နယ်အတွင်း၌ စိုက်ပျိုးထားရှိသော ဥစားကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

နတ်မောက် ဖေဖော်ဝါရီ ၂၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် စားဖိုချောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ဥစားကြက်သွန်နီများကို ကျေးလက်နေပြည်သူများအနေဖြင့် မြေအောက်ရေပေးသွင်းခြင်းဖြင့် စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးထားသော ကြက်သွန်နီများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကျေးလက်ဒေသများတွင် စားဖိုချောင်သီးနှံများကို မိမိတို့မိသားစုဟင်းစားအတွက်ဖူလုံစေရန်နှင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန် ရည်ရွယ်၍ ရာသီမရွေးမြေအောက်ရေပေးသွင်းခြင်းဖြင့် ချဉ်ပေါင်၊ ကန်စွန်း၊ ကြက်သွန်နီ၊ သခွား၊ ဘူး၊ ဖရုံ၊ ဆလတ်ရွက်၊ ဗမာနံနံ၊ ထိုင်ဝမ်နံနံ၊ ဖူးစားပြောင်း၊ နိုကိုဥ၊ မုန်လာဥဖြူ၊ ရိုးစိမ်းဆလတ်၊ ခရမ်းချဉ်၊ ခရမ်းသီးများ စိုက်ပျိုးကြပါတယ်၊ ကြက်သွန်နီများကိုတော့ မိုးဦးကာလမှာကထိန်ပွဲများတွင် အသုံးပြုရန်အတွက် မြိတ်စားအဖြစ်စိုက်ပျိုးကြပြီး မိုးနှောင်းကာလတွင် ဥစားကြက်သွန်များစိုက်ပျိုးကြပါတယ်၊ ဥစားကြက်သွန်နီများကိုတော့ မိမိအိမ်ဟင်းစားတွင် အသုံးပြုရန်နှင့် လာမည့်မိုးဦးကာလတွင် မြိတ်စားအဖြစ်စိုက်ပျိုးရန် ချန်ထားပြီး ပိုလျှံသည့် ကြက်သွန်နီများကို ဈေးကွက်သို့တင်ပို့ ရောင်းချကြကြောင်း၊ ခုဆိုရင်စိုက်ပျိုးထားရှိတဲ့ ဥစားကြက်သွန်နီများ လကျော် လာပြီဖြစ်တဲ့အတွက်  အပင်ဖြစ်ထွန်းမှုရှိကြောင်း စိုက်ပျိုးသူ မသီတာဆွေကပြောသည်။

မူမူစန်း