မင်းလှမြို့နယ် မလွန်အ‌ခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးကုသပေးခြင်း ဆောင်ရွက်

အထက်မင်းလှ ဖေဖော်ဝါရီ ၂၅

မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မကွေးတိူင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မတ်လတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား  ကျန်းမာရေး စစ်ဆေးပေးပြီး ဆေးကုသဆောင်ရွက်ပေးခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက မလွန်အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ စန်းစန်းမိုး ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းဆရာ၊ ဆရာမများက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား၊ အမည်စာရင်းရေးသွင်းပေးပြီး၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် လိုအပ်သည့် ဆေးဝါးများအား အခမဲ့ဆောင်ရွက်ပေးခဲ့သည်။

မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်မတ်လတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၄၀၃)ဦး ဖြေဆိုရန် စာရင်းရှိရာစာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာစွာဖြေဆိုနိုင်ရေး မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများအရောက် ကွင်းဆင်း၍ ကျန်းမာ‌ရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)