ဟိုပုံး ဖေဖော်ဝါရီ ၂၅
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ဟိုပုံး)နှင့် စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာ ဒေါက်တာခင်စန်းမော်၏ “ပညာရှင်စိတ်ထား” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ဟိုပုံးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
စာဖတ်ဝိုင်းတွင် ရှေ့ဦးစွာ ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းက စာအုပ်တစ်အုပ်ရဲ့အပေါ်မှာ တစ်ဦးနှင့်တစ်ဦး မတူညီတဲ့အတွေး အမြင်သစ်တွေ၊ စာအုပ်မှရရှိသော အသိပညာဗဟုသုတလေးတွေကို တစ်ဦးနှင့်တစ်ဦးမျှဝေနိုင်ရန်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်နှင့်လည်း ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိကာ စာအုပ်စာပေကောင်းများ လေ့လာရှာမှီးတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး ရည်ရွယ်၍ စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာရေးဆရာ ဒေါက်တာခင်စန်းမော်၏ “ပညာရှင်စိတ်ထား” စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ကျင်းပရာ တက်ရောက်လာသည့် စာအုပ်စာပေဝါသနာပါသူ (Club)အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများအား အသီးသီးဖတ်ကြားဆွေးနွေးခဲ့ပြီး လက်ထောက် ညွှန်ကြားရေးမှူးက ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)