ကျောက်ဆည်မြို့နယ်တွင် နွေနှမ်း(၂၉၀၀၀)ဧက လျာထားပြီး စတင်စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီ ဖူလုံပိုလျှံရေး ဇော်ဂျီ၊ ကင်းတား ဆည်ရေသောက်စနစ်ဖြင့် မင်းရဲ၊ သင်းတွဲ၊ သင်းဒီး၊ ထုံးကြီး၊ စမာ၊ တမုတ် စသသည့် စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းများတွင် နွေနှမ်းသီးနှံ(၂၉၀၀၀)ဧက လျာထားပြီး စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မလှိုင်မြို့၌ ဝန်ထမ်းများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်

မလှိုင်မြို့၌ ဝန်ထမ်းများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက် မလှိုင် ဖေဖော်ဝါရီ ၂၅ မြို့နယ် (ပြန်/ဆက်)

လူထုအခြေပြုဗဟိုဌာန(Community Centre) ပျဉ်းမနား၌ အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အခမ်းအနားမှူးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ပုလောမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် တစ်ဦးလျှင် ငွေကျပ် ၂ သောင်းစီ ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ပြည်သူတစ်ဦးလျှင် ငွေကျပ် ၂ သောင်းစီကို ယမန်နေ့ နေ့လယ် ၂ နာရီက ပုလောမြို့နယ်ခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပဲခူးတိုင်းဒေသကြီးမှ ကျောင်းသား၊ ကျောင်းသူ(၂၃၁၆၇)ဦး ဝင်ရောက်ဖြေဆိုမည်

၂၀၂၅ ခုနှစ်၊ မတ်လ(၁၇)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ကျောင်းသား၊ ကျောင်းသူ(၂၃၁၆၇)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

တာချီလိတ်မြို့ ကျက်သရေဆောင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့အား အသစ်ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ကျက်သရေဆောင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့အား အသစ်ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရွှေတိဂုံစေတီတော်ဓမ္မာရုံအတွင်း၌ ကျင်းပပြုလုပ်သည်။

ပုသိမ်ကြီးမြို့နယ်ရှိ အမျိုးသားယဥ်ကျေးမှုတက္ကသိုလ် (မန္တလေး)တွင် မီးဘေးလုံခြုံရေး ဟောပြော၊ သရုပ်ပြ၊ စစ်ဆေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ အမျိုးသားယဥ်ကျေးမှုတက္ကသိုလ် (မန္တလေး)သို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် မီးဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောခြင်း၊ သရုပ်ပြသခြင်းနှင့် စစ်ဆေးခြင်းများကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ မွန်းလွဲ ၂နာရီက အဆိုပါတက္ကသိုလ်၌ ဆောင်ရွက်ခဲ့သည်။

မိုင်းခုတ်မြို့၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး၊ တောမီးနှင့်အခြား မီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဟောပြောခဲ့ကြ​သည်။
Subscribe to