တိုက်ကြီးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ တတိယအကြိမ် ထုတ်ချေးပေး
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ တတိယအကြိမ်မြောက် ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက ခြောက်အိမ်တန်းကျေးရွာ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။