သီပေါ ဧပြီ ၂၃
အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အာရုံစူးစိုက်မှုအားကောင်း၍ ဉာဏ်ရည်ထက်မြက်လာစေရန်နှင့်အသုံးအဆောင်ပစ္စည်းများကိုယ်တိုင်ဖန်တီးပြုလုပ်တတ်စေရန်တို့အတွက် ရည်ရွယ်၍ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက အိမ်တွင်းလက်မှုပညာတစ်မျိုးဖြစ်သည့် ကော်ဖီအိတ်ခွံဖြင့်အခင်းဖျာ၊ ခြင်း၊ ခွက်ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက သင်တန်းဖွင့်လှစ်ပေးရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကော်ဖီ အိတ်ခွံဖြင့် အခင်းဖျာ၊ ခြင်း၊ ခွက်ပြုလုပ်ပုံ ၊ ပြုလုပ်နည်းအဆင့်ဆင့်ကို သင်ကြားပြသပေးခဲ့ရာ သင်တန်းသားများကစိတ်ပါဝင်စားစွာလေ့လာသင်ယူခဲ့ကြကြောင်း၊ သင်တန်းကာလမှာ နံနက်(၉)နာရီ မှ ညနေ(၃)နာရီအထိ (၁)ရက်တာသင်ကြားပြသပေးခြင်းဖြစ်ကြောင်းနှင့် သင်တန်းကိုကျောင်းသား၊ ကျောင်းသူများနှင့် စိတ်ပါဝင်စားသူ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖွဲ့စည်းထားသောClub အသင်းများ ပူးပေါင်း၍ စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ ပြပွဲပြိုင်ပွဲ၊ ကွန်ပျူတာအခြေခံသင်တန်းနှင့် အိမ်တွင်းမှုသင်တန်းများကို လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်