ပင်လုံမြို့၌ နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်

ပင်လုံ ဧပြီ ၂၃

နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ (ရှေ့တန်းရုံး) တာဝန်ခံ ဦးအမ်ဒီအိုင်ဇက်နှင့် ဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းက ပင်လုံမြို့ အမှတ်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း‌ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရပ်ကွက်ပြည်သူများ၏အိမ်ထောင်စုဇယားနှင့် လိုအပ်သည့် စာရွက်စာတမ်းများ၊ အထောက်အထားများပြည်စုံမှန်ကန်မှုရှိသူကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကိုဆောင်ရွက်‌ပေးလျှက်ရှိရာသို့ ပင်လုံမြို့၊  မြို့အုပ်ချုပ်ရေးမှူး ဦးရန်ပိုင်ဖြိုးနှင့် တာဝန်ရှိသူများမှ လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ပင်လုံရှေ့တန်းရုံးတာဝန်ခံနှင့် ဝန်ထမ်းများမှ ရပ်ကွက် ကျေးရွာအုပ်စုအလိုက် သတ်မှတ်နေ့ရက်များတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လွိုင်လင်မိုး